Hi Bible နှင့် ပတ်သက်၍

HiBibleသည် Salim ဘုရားကျောင်းမှ ပြုလုပ်သည့် ဗီဒီယိုနှင့် ကျမ်းစာလေ့လာခြင်း အချက်အလက်များကို မျှဝေသည့် အင်တာနက်စာမျက်နှာဖြစ်ပါသည်။ HiBible သည် အပတ်စဉ် အသင်းတော်ပြက္ခဒိန်နှင့် ကျမ်းစာ၏ အခြေခံထားသော နှုတ်ကပတ်တော်များကို လက်ဆင့်ကမ်းပေးသည့် ဗီဒီယိုနှင့် ကလေးငယ်များ အပတ်စဉ် အတူလုပ်ဆောင်နိုင်သည့် ကျောက်တုံးတံတား ကျမ်းစာဖတ်ရှုလေ့လာခြင်း အချက်အလက်များကို HiBible website, Godpeople, Youtube, Facebookမှတစ်ဆင့် အခမဲ့ တင်ပေးလျက်ရှိပါသည်။

HiBible ၏ အချက်အလက်များသည် ကလေးငယ်များအတွက် အမှုဆောင်မရှိသည့် ဘုရားကျောင်း၊ အပတ်စဉ် ဘာသာရေးသင်ကြားမှုအတွက် သင်ထောက်ကူလိုအပ်သော မိသားစုများ၊ ကလေးများအတွက် လိုအပ်သော အ‌ချက်အလက်များကို ရှာဖွေသော ဘာသာ‌ရေးအသင်းဝင်များမှ အသုံးပြုနိုင်ပါသည်။

HiBible သည် Presbyterian တက္ကသိုလ်မှ ခရစ်ယာန်ပို့ချရေးဘာသာကို မေဂျာဖြင့် ခရစ်ယာန်မာစတာတန်းကိုပြီးမြောက်ထားသော သင်းအုပ်ဆရာ ချွဲအာရွန်းနှင့် ဂင်ဟယ်ဂျင်း လက်ထောက်သင်းအုပ်ဆရာတို့မှ အမှုဆောင်များအဖြစ် ပါဝင်ပြီး ဗီဒီယို၊ ပုံစသည်ကို တည်းဖြတ်ရိုက်ကူးရေး ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားပါသည်။ အခြား စုံစမ်းမေးမြန်းလိုပါက သင်းအုပ်ဆရာ ချွဲအာရွန်း (၀၁၀-၉၀၃၆-၂၄၅၈,hi-bible@naver.com) သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

HiBible မှတစ်ဆင့် ဤကမ္ဘာပေါ်ရှိ ကလေးငယ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နက်ရှိုင်းစွာ ခံစားရရှိကြစေရန် မျှော်လင့်ပါသည်။

ကျွန်ုပ်တို့၏ ဘဝများသည် ခရစ်တော်တွင်း၌သာ – HiBible နှင့်အတူ လက်တွဲသူများ