ကျောက်တုံးတံတား ကျမ်းစာဖတ်ခြင်း

    ကျမ်းစာဖတ်ခြင်းသည် ကလေးများနှင့် မိဘများအတွက် ရည်ရွယ်သော အိမ်တွင်း သမ္မာကျမ်းဖတ်စာဖြစ်ပါသည်။

    ကမ္ဘာဉီးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ ကျမ်းစာအားလုံးကို ဖတ်ရှုရန် ခက်ခဲသော ကလေးများအတွက် အပတ်စဉ် ခြေနင်း ကျောက်တုံးတံတားလေးကဲ့သို့ တစ်တုံးချင်း တစ်တုံးချင်း ဖြတ်သန်းကာ ကျမ်းစာအပိုင်း တစ်ခုချင်းစီ၏ အကြောင်းအရာများကို ဖတ်ရှုပြီး ပုံဆွဲသားထားသော ပ‌‌ဟေဠိများကို အဖြေရှာရင်း ကျမ်းစာကို ဖတ်ရှုနိုင်စေရန် ‌ပြုစုရေးသားထားပါသည်။

    ကျောက်တုံးတံတား ကျမ်းစာသည် ခြောက်နှစ်တာသင်ရိုးအဖြစ် ကျမ်းစာ၏ အကြောင်းအရာအားလုံးကို ဖတ်ရှုနိုင်စေရန် ပြုစုထားကာ အပတ်စဉ် သင်ခန်းစာအသစ်များကို Hi Bible ပေ့ချ်မှတစ်ဆင့် အခမဲ့ ‌‌‌ဒေါင်းလုပ်ရယူနိုင်ပါသည်။

    ကျောက်တုံးတံတား ကျမ်းစာနှင့်အတူ Hi Bible ၏ ကလေးငယ်လေးများနှင့် မိဘများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် နီးစပ်လာစေရန် မျှော်လင့်ပါသည်။